EN | MM
Our Brands
Experience unparalleled prestige at Myanmar’s top destination for luxury watches. Come peruse a spectacular selection of the finest watches from the most distinguished international brands, and immerse in our personable and attentive service that have enamoured customers from all over the world. Our team of experienced and knowledgeable retail associates are always ready to attend to your every need.

TUDOR WATCH
TUDOR ဟာ Award-winning Swiss Watch Brand တစ်ခုဖြစ်ပါတယ်။ အနုစိတ်ဖန်တီးထားတဲ့ ခန့်ညားလှပမှုတို့နဲ့ reliability နဲ့ unique ဖြစ်တဲ့ Brand တစ်ခုအဖြစ် သက်သေအကြိမ်ကြိမ်ပြသပြီး အောင်မြင်နေတဲ့ Brand တစ်ခုဖြစ်ပါတယ်။ 1926 ခုနှစ်မှာ Rolex တည်ထောင်သူတစ်ဦးဖြစ်တဲ့ Hans Wilsdorf က တည်ထောင်ခဲ့တာလည်းဖြစ်ပါတယ်။ သူဟာ 1946 ခုနှစ်မှာ Montres TUDOR SA Company ကိုတည်ထောင်ပြီးတော့ Rolex ရဲ့ အရည်အသွေးအတိုင်းပဲ ပိုပြီး affordable ဖြစ်တဲ့ စျေးနှုန်းတစ်ခုနဲ့ TUDOR ကိုရောင်းချနိုင်ဖို့အတွက်ပါ။ TUDOR ရဲ့သမိုင်းဖြတ်သန်းရာကိုကြည့်မယ်ဆိုရင် ကြံ့ခိုင်မှုနဲ့ quality၊ ပေးရတဲ့တန်ဖိုးနဲ့သူ့ရဲ့အရည်အသွေးတို့ကြောင့် ကုန်း၊ ရေ စွန့်စားသူတို့ရဲ့ အထူး ရွေးချယ်ခြင်းကိုခံခဲ့ရပါတယ်။ ဒီကနေ့အချိန်မှာတော့ TUDOR ရဲ့Collections တွေမှာ အထင်ကရ သင်္ကေတ Model တွေဖြစ်တဲ့ Black Bay, Pelagos or 1926 တို့ဟာ အထူးကျော်ကြားပါတယ်။ TUDOR ဟာ 2015 ခုနှစ်ကစပြီး Multiple Functions တွေနဲ့ Superior Performance ရနိုင်တဲ့ Mechanical Movements တွေကို ထုတ်လုပ်ခဲ့ပါတယ်။
FRANCK MULLER
Classic ဖြစ်ပြီး အင်မတန်ခန့်ညားပါတယ်ဆိုတဲ့ နာရီတွေကို ကမ္ဘာကျော်အောင်ထုတ်လုပ်လာနိုင်သူဖြစ် ပါတယ်။ တရားဝင်စတင်ထောင်တဲ့ခုနှစ် 1992 ဆိုပေမယ့် သူတို့ရဲ့ ခရီးရောက်မှုနဲ့ အောင်မြင်မှုဟာ အံမခန်းပါပဲ။ ပြင်သစ်ဘာသာနဲ့ Haute Horlogerie လို့ခေါ်တဲ့ high-art of watchmaking တွေကို FRANCK MULLER ကနေ ကွာလတီအကောင်းဆုံးနဲ့အလှဆုံးအခန့်ဆုံးထုတ်လုပ်နေတာကြောင့် သူကိုယ်တိုင်လည်း ကမ္ဘာကျော်သလို တခြားသော ကမ္ဘာ်ပုဂ္ဂိုလ်တွေရဲ့ဦးစားပေး ရွေးချယ်မှုကိုလည်း ခံရသူတစ်ဦးဖြစ်ပါတယ်။
Omega SA ဟာ ဆွစ်ဇာလန်နိုင်ငံ၊ Biel အခြေစိုက် Luxury နာရီထုတ်လုပ်သူတစ်ဦးပဲဖြစ်ပါတယ်။ 1848 ခုနှစ်၊ La Chaux-de-Fonds မှာ Swiss watchmaker Louis Brandt က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူက အသက် ၂၃ နှစ်ပဲရှိသေးတာပါ။ 1903 ခုနှစ်မှာ Omega နာမည်ကိုတင်သွင်းခဲ့ပြီး အဲဒီမတိုင်ခင်အထိတော့ La Generale Watch အနေနဲ့ တည်ရှိခဲ့တာပါ။ 1982 ခုနစ်မှာ ၊ Swiss Swatch Group ရဲ့အောက်မှာ Omega SA ဆိုတဲ့ နာမည်ကို တရားဝင်ပြောင်းလဲခဲ့ပါတယ်။ 1984 ခုနှစ် ဇန်နဝါရီလမှာ Omega ဟာ public museum ကို Biel မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဗြိတိန်တော်ဝင်လေတပ်ဟာ စစ်ဆင်ရေးအချိန်တွေကို Omega နာရီတွေနဲ့ပဲ တရားဝင်သတ်မှတ်ပါတယ်။ အဲဒါက 1917 ခုနှစ်ကတည်းပဲပေါ့။ နောက်တော့ 1918 ခုနှစ်မှာ အမေရိကန်စစ်တပ်ကပါ အဲဒီအတိုင်း ကျင့်သုံးလာခဲ့ပါတယ်။ Omega ဟာ NASA ရဲ့ရွေးချယ်ခြင်းကိုလည်း ခံရပြီး 1969 ခုနှစ်တုန်းက လပေါ်ကို ပထမဆုံး ရောက်ခဲ့တဲ့နာရီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Omega ဟာ 1932 ခုနှစ်ကတည်းက အိုလံပစ်အားကစားပွဲတော်တွေရဲ့ အချိန်မှတ်စက်အဖြစ်လည်း အသုံးပြုခြင်းကိုခံခဲ့ရပါတယ်။ 1995 ခုနှစ် ကစပြီး ဂျိမ်းစ်ဘွန်းဇာတ်ကားတွေထဲမှာ ဇာတ်လိုက်ကျော်ဂျိမ်းစ်ဘွန်း ဝတ်ဆင်တဲ့နာရီအဖြစ်လည်း လူသိများပါသေးတယ်။ ဟိုးအရင်ကတည်းကနေ ဒီကနေ့အချိန်အထိ၊ Omega ကိုဝတ်ဆင်ခဲ့ကြတဲ့ ထင်ရှားကျော်ကြားသူတွေဟာဆိုရင် Buzz Aldrin ၊ George Clooney ၊ John F. Kennedy ၊ Mao Zedong ၊ Elvis Presley နဲ့ Prince William တို့လို ပုဂ္ဂိုလ်ကျော်တွေ ပါဝင်ခဲ့ပါတယ်။
BREITLING
Breitling SA ကို 1884 ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံ Saint-Imier မှာ Swiss watchmaker နဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Léon Breitling ကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ 1914 ခုနှစ် Léon Breitling ကွယ်လွန်ပြီးနောက်မှာတော့ သူ့စီးပွားရေးလုပ်ငန်းကို သားဖြစ်သူ Gaston Breitling က အမွေဆက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ 1979 ခုနှစ်အရောက်မှာ Breitling တည်ထောင်သူ မိသားစုထံကနေ Ernst Schneider ဆိုသူက Breitling ကို ဝယ်ခဲ့ပါတယ်။ 2017 ခုနှစ် ဧပြီလအထိ Ernst Schneider တို့မိသားစုရဲ့ပိုင်ဆိုင်မှုဖြစ်ခဲ့ပါတယ်။ Ernst Schneider ဆုံးပြီးနောက်ပိုင်းသားဖြစ်သူ Theodore Schneider ဟာ 2017 ခုနှစ်မှာ CVC Capital Partners ထံ ကုမ္ပဏီရဲ့အစုရှယ်ယာ အများစု ရှစ်ဆယ်ရာခိုင်နှုန်းကို ဒေါ်လာသန်းပေါင်း ၈၇ဝ ကျော်နဲ့ရောင်းချခဲ့ပါတယ်။ Breitling ရဲ့ ကျန်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို Theodore Schneider က တစ်နှစ်ခန့်ထပ်ထိန်းသိမ်းခဲ့ပြီး 2018 ခုနှစ် နိုဝင်ဘာအရောက်မှာတော့ အဲဒီကျန်တဲ့ ရှယ်ယာ (၂ဝ) ရာခိုင်နှုန်းလုံးကို CVC ကို ထပ်မံရောင်းချခဲ့ပါတယ်။ 2009 ခုနှစ်မှာ Breitling ရဲ့ iconic model ဖြစ်တဲ့ Navitimer 01 မှာ self-winding, column wheel chronograph movement ဖြစ်တဲ့ B01 ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Breitling နာရီတွေဟာ COSC အသိအမှတ်ပြု ဖြစ်ပြီး နာရီအားလုံးအတွက် ၅ နှစ်အာမခံလည်း ပေးထားပါတယ်။ Breitling ဟာ သူ့ရဲ့ SuperQuartz နည်းပညာကို သူ့ရဲ့ Quartz movement အားလုံးအတွက် မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီ SuperQuartz နည်းပညာဟာ standard quartz movement တွေထက် ဆယ်ဆ ပိုပြီးတိကျမှုရှိတယ်လို့ဆိုထားပါတယ်။ Breitling ဟာ ရေထဲ၊ လေထဲ၊ မြေပြင်ပေါ် လှုပ်ရှားသူ Professional တွေအတွက် instruments အပြည့်ပါဝင်တာကြောင့် ဝယ်လိုအားလည်း အရမ်းကို များခဲ့ပါတယ်။ Breitling ဟာ အရည်အသွေးကို အဓိကထားတဲ့ ထုတ်လုပ်မှုနဲ့ရပ်တည်နေတဲ့ Brand တစ်ခုဖြစ်ပါတယ်။
MONTBLANC
သင်နဲ့နောင်လာမျိုးဆက်တွေဆီအထိ အဖော်မွန်ကောင်းအဖြစ်လိုက်ပါနေဦးမယ့် Lifestyle Product တွေကို ထုတ်လုပ်ပါတယ်။ MONTBLANC ချစ်သူတွေအတွက် Product တွေဖြည့်သွင်းမှု Process ဟာဆိုရင် Care and Passion ကို အကြွင်းမဲ့ပြသခြင်းတစ်မျိုးပါပဲ။ Writing Instruments, Leather, Watches, New Tech နဲ့ အခြားသော Accessories တွေကို MONTBLANC ရဲ့ Master Craftsmen တွေဟာ Creation တိုင်းရဲ့ တစ်ဆင့်ချင်းစီတိုင်းကို နှလုံးသားနဲ့ရင်းပြီး စိတ်အားထက်သန်စွာ ဖန်တီးထားတာ တွေဖြစ်ပါတယ်။
ORIS
1904 ခုနှစ်က တည်ထောင်ခဲ့တဲ့ Swiss Brand တစ်ခုပါ။ Diving, Culture, Aviation နဲ့ Motor Sport ဆိုတဲ့ Collections တွေနဲ့အတူ စွဲမက်စရာကောင်းလွန်းတဲ့ ဒီဇိုင်းတွေနဲ့ ကမ္ဘာပေါ်က အမျိုးသားတွေ ရဲ့အသည်းနှလုံးကို ခြွေနေသူတစ်ဦးဖြစ်ပါတယ်။ သူတို့ရဲ့လျှောက်ခဲ့တဲ့ခရီးနဲ့ လက်ရှိ Fine Luxury Watch လောကမှာ ရပ်တည်နေနိုင်တာဟာ အံ့ဩလောက်စရာတော့မရှိပါဘူး။
LONGINES
သူလည်း OMEGA တို့အုပ်စုဖြစ်တဲ့ The Swatch Group ရဲ့လက်အောက်က Fine Luxury Watch Brand တစ်ခုပဲဖြစ်ပါတယ်။ LONGINES ဟာ 1932 ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း ၁၈၈ နှစ်ရှိနေ ပြီဖြစ်တဲ့ Brand တစ်ခုလည်းဖြစ်ပါတယ်။ နာရီ Brand တွေကို ကမ္ဘာပေါ်က အချိန်နဲ့အလုပ်လုပ်ရတဲ့ ပြိုင်ပွဲတစ်စုံတစ်ခုနဲ့တွဲပြီး မြင်နေရတတ်ကြပါတယ်။ LONGINES တွေကိုတော့ မြင်းပြိုင်ပွဲတွေနဲ့ တွဲပြီး မြင်တွေ့ရနိုင်ပါတယ်။ 1878 ခုနှစ်လောက်ကတည်း အိပ်ဆောင်နာရီလောကမှာလည်း အချိန်တိကျမှုရှိတဲ့ pocket chronograph တွေနဲ့ အောင်မြင်မှုရခဲ့သူပါ။
FREDERIQUE CONSTANT
Swiss Brand FREDERIQUE CONSTANT ဟာ Fine Luxury Watch လောကကို အရှိန်အဟုန် နဲ့တိုးဝင်လာနေသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဆန်းသစ်တဲ့တီထွင်ဖန်တီးမှုတွေ၊ ဒီဇိုင်းတွေနဲ့ အောင်မြင်မှုကို ရနေသူတစ်ဦးပါ။
RADO
RADO ဆိုတာ globally recognised Swiss watch brand တစ်ခုပါ။ ဆန်းသစ်တီထွင်မှုရှိတဲ့ဒီဇိုင်းနဲ့အတူ ကြာကြာခံနိုင်ရည်ရှိတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ်။ RADO ကို ဆွစ်ဇာလန်နိုင်ငံ၊ Lengnau ဒေသမှာစတင်ခဲ့ပြီး စွန့်ဦးတီထွင် Rado စိတ်ဓာတ်ဆိုပြီးလည်း ရှိခဲ့ဖူးပါသေးတယ်။ သူ့ရဲ့ဒဿနဖြစ်တဲ့ “တကယ်လို့ ငါတို့ ဒါကို စိတ်ကူးနိုင်ရင်၊ ဒါကို လုပ်နိုင်တယ်” ဆိုတာကိုလည်း ယနေ့အထိ မှန်ကန်စွာ ကိုင်စွဲထားတုန်းပဲ။ ဂုဏ်သိက္ခာရှိ နိုင်ငံတကာ ဒီဇိုင်းဆုများစွာကိုလည် ရရှိထားတယ်။ အနာဂတ်မှာ ပိုမို ကောင်းမွန်ဖို့ အာရုံစိုက် နေတာလည်း RADO ပါပဲ။ အနာဂတ်ကို ကြိုတင်စဉ်းစားတဲ့နေရာမှာ အကောင်းဆုံး သူအဖြစ် RADO ကို သတ်မှတ်ကြပါတယ်။ အဆင့်မြင့်နည်းပညာတွေနဲ့ အထူးပြု ထုတ်လုပ် လေ့ရှိပြီး ဂုဏ်ယူဖွယ်ရာ တီထွင်နိုင်စွမ်းရှိတဲ့ သမိုင်းကြောင်းနဲ့ပေါ့။ RADO ဟာ ဆွစ်ဇာလန်နာရီတွေထဲမှာ မမျှော်လင့်ထားတဲ့အရာတွေကို မိတ်ဆက်ပေးတတ်တာတွေလည်းရှိပါသေးတယ်။ RADO ရဲ့မိတ်ဆက် ခဲ့ပြီးသော အရာတွေ အားလုံးဟာ အံ့ဩဖွယ်ရာ သမိုင်းဝင်တွေ ဖြစ်နေကြပါတယ်။ အနုပညာမြောက် အဆင့်မြင့်နည်းပညာတွေရဲ့ပေါင်းစပ်မှုအပြင် စိန်တွေ၊ အခုနောက်ပိုင်းမှာဆို နီလာကျောက်တွေတောင် ထည့်သွင်းလာပါတယ်။ ကြာရှည်ခံမှုနဲ့ သက်တောင့်သက်သာရှိမှုမှာ အရေးပါတဲ့နေရာတစ်နေရာကနေ RADO က အမြဲ ရှိနေပါတယ်။ ကောင်းမွန်တဲ့ကုန်အမှတ်တံဆိပ်ဟာ သူ့ဖောက်သည်တွေရဲ့လိုအပ်ချက်ကို မေ့မထားတတ်ပါဘူး။ RADO ကလည်း အဲဒီလိုပါပဲ။ သူ သုံးထားတဲ့ပစ္စည်းအများစုဟာ အရေပြားမှာ နူးညံ့ သိမ်မွေ့နေဖို့ဖြစ်ပြီး၊ ဓာတ်မတည့်တာမျိုးတွေ မဖြစ်ဖို့ အမြဲ သတိထားလေ့ရှိတာကို တွေ့ရပါလိမ့်မယ်။
RAYMOND WEIL
ဂျနီဗာမြို့အခြေစိုက် Swiss Luxury Watch Brand တစ်ခုဖြစ်ပါတယ်။ ရွေးချယ်စရာ ဒီဇိုင်းရော၊ Collection ပါများပြားပြီး တည်ကြည်ခန့်ညားမှုနဲ့ပြည့်နေတဲ့ RAYMOND WEIL နာရီတွေဟာများသောဖြင့် Music အပေါ်မှာ Inspired ယူပြီး ထုတ်လုပ်တာဖြစ်ပါတယ်။

OMEGA

ALPINA WATCHES
1883 ခုနှစ်ကတည်းက စတင်ခဲ့တဲ့ Swiss Made နာရီ Brand ပါ။ ရိုးရှင်းပြီး အရမ်းမိုက်တဲ့နာရီတွေကို ထုတ်လုပ်တာဖြစ်ပါတယ်။ သူတို့ရဲ့ strong and sturdy ဖြစ်တဲ့ Hand Made ကွာလတီအရည်အသွေးနဲ့ နာရီလောကမှာ စိန်ခေါ်မှုတွေကို လက်ခံပြိုင်ဆိုင်နေသူတစ်ဦးလို့ဆိုရပါမယ်။